*မြစမ်းမျက်ရည်*
ကိုယ့်နေရာ
သာယာသည် ဖြစ်စေ
နုံချာသည် ဖြစ်စေ
ကိုယ့်ရွာ ကိုယ့်ရပ်၊ မိခင်မြတ်တည့်။
မည်မျှကြီးမြင့်၊ မည်မျှ တင့်လည်း
မပွင့် နေခြည်၊ အုံ့မှိုင်းသည်သို့
မုကည်မွေ့ချေ၊ သူ့ရပ်မြေတည့်။
သူတို့ စကား၊ သူတို့ကား၌
ပျားသို့ မချို၊ မှိုသို့ မလန်း၊ ပန်းသို့ မရွင်
ကိုယ့်မိခင်ကို၊ တမြင်မြင်တမ်း၊ အစဉ်လွမ်းခဲ့။
ရေချမ်းစင်က၊ ရေုကည်မြကို
သောက်ရပေဖူး၊ သူ့ကျေးဇူးကို
အထူးသိလည်း၊ ဇာတိလွမ်းနာ၊ မဖြေသာခဲ့။
သူ့မြေမှာမူ
သာယာဘိခြင်း၊ သင်းပါဘိတောင်း
ကောင်းပါဘိတကား၊ အသိသားပင်
တရားလက်ကိုင်၊ ဆင်ခြင်နိုင်လည်း
မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းသည်
မြစမ်းမျက်ရည် စိမ့်စိမ့်တည်း။ ။
ခင်စပ်စုငယ်
ခဏ - ယူအက်စ်အေ
မှတ်ချက်။ ။ ကျွန်မ၏ တိုင်ပြည်လေးသည်...ကောင်း၏..။
ကျွန်မ၏ တိုင်းပြည်လေးသည်..သာယာ၏..။
ကျွန်မ၏ တိုင်းပြည်လေးတွင်..လူမျိုးကောင်း၏..။
ကျွန်မ၏ တိုင်ပြည်လေးတွင်..မကောင်းသည်မှာ............... ဆက်ရေးလျှင်....
နားလည်ပေးနိုင်ုကပါစေရှင်။
Wednesday, December 3, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment